ပင်းတယမြို့နယ်၌ မြို့နယ်အဆင့် ကျား/မ အခြေပြုအကြမ်းဖက်မှု GBV Guideline မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပ

ပင်းတယ ဇွန်  ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အဆင့် ကျား/မ အခြေပြုအကြမ်းဖက်မှု GBV Guideline မိတ်ဆက်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးစန်းမှ GBV Guideline နှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းတင်ပြဆွေးနွေးပြောကြားပေးသည်။ ထို့နောက် ပင်းတယမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည်မှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများနှင့်ပတ်သက်၍ အသိပညာပေးပြောကြားပေးပြီး ပင်းတယမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်မှ နိဂုံးချုပ်အမှာစကား ပြောကြားပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ စာရေးနှင့် အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)