မော်လမြိုင်မြို့ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုကို လိုက်လံစစ်ဆေး

မော်လမြိုင် ဇွန် ၂၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ဖွင့်လှစ်ရောင်းချနေသော လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ရှောင်တခင်လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မွန်ပြည်နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက မော်လမြိုင်ပေါ်ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီဈေးနှုန်း မှန်ကန်စွာရောင်းချမှု ရှိ/မရှိ၊ အကန့်အသတ်ဖြင့်ရောင်းချမှု ရှိ/မရှိ၊ ချိန်တွယ်မှန်ကန်မှု ရှိ/မရှိ၊ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် စက်သုံးဆီသိုလှောင်ထားရှိမှုအခြေအနေများကို လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။

စည်သူ (ပြန်/ဆက်)