ချောင်းဆုံ ဇွန် ၂၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါးစိုက်ပျိုးကြမည့်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ မေလ(၂၀)မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ဇွန်လ (၂၈)ရက်နေ့အထိ ကျေးရွာအုပ်စု (၂၅)ရှိ တောင်သူ (၁၇၃၀)ဦး၏ မိုးစပါးစိုက်ဧက (၁၂၀၄၇) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ သိန်းပေါင်း တစ်သောင်းရှစ်ထောင်ခုနှစ်ဆယ့်ငါးသောင်းကျပ် (၁၈၀၇၀၅၀၀၀၀)ကို ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၆)အုပ်စုမှ မိုးစပါးစိုက်ဧက (၃၄၄၄၂)ဧကအတွက် ချေးငွေသိန်းပေါင်း (၅၁၆၆၃)သိန်းခန့်အား ထုတ်ချေးရန် လျာထားလျက်ရှိကြောင်း၊ စိုက်ဧကတစ်ဧကလျှင် တစ်သိန်းငါးသောင်းနှုန်းဖြင့် တစ်ဦးလျှင် အများဆုံး (၁၀)ဧကအထိ ထုတ်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများကို လယ်ယာလုပ်ငန်းခွင်များတွင် အကျိုးရှိရှိအသုံးပြုစေလိုကြောင်းနှင့် တောင်သူများ အချိန်မီ စိုက်ပျိုးနိုင်ရေး စိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ သိရသည်။
ကိုကျော်(ချောင်းဆုံ)