ချမ်းအေးသာစံ ဇွန် ၂၈
၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ကကြီးမှူး၍ စုပေါင်းသွေးလှူဒါန်းပွဲကို ချမ်းအေးသာစံမြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)၌ ယနေ့နံနက်ပိုင်းကကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး ဒေါ်မမ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် အသင်းအဖွဲ့များ တက်ရောက်ကြသည်။
အဆိုပါ သွေးလှူဒါန်းပွဲ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက သွေးလှူဒါန်းနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များသည် ဗဟိုအမျိုးဆေးရုံအုပ်ကြီးထံသို့ သွေးအိတ်များ လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ထွန်းထွန်းနိုင်