ကော့မှူး ဇွန် ၂၈
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ၂၀၂၄ ခုနှစ် မိုးရာသီ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ညောင်ကုန်းဓာတ်အားခွဲရုံးအတွင်း၌ စုပေါင်းစိုက်ပျိုးနေကြကြောင်း သိရသည်။
ဦးစွာ ရန်ကုန်တောင်ပိုင်းခရိုင်၊ လျှပ်စစ်မန်နေဂျာရုံးမှ လျှပ်စစ်အင်ဂျင်နီယာ ဒုတိယညွှန်ကြားရေးမှူး ဦးနေလင်းကျော်က သစ်ပင်များစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးသူကိုယ်တိုင်နှင့် စိုက်ပျိုးသူများ၏ပတ်ဝန်းကျင်ကို တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်၍ အကျိုးကျေးဇူးများပေးစွမ်းနိုင်သည့်အပြင် အစွန်းရောက်ရာသီဥတုဖြစ်စဉ်များကို ကာကွယ်နိုင်ကြောင်း၊ စိုက်ပျိုးပြီးအပင်များ ရှင်သန်ဖြစ်ထွန်းရေးအတွက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဦးနေလင်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးမြင့်ဦး၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးဇော်ဝင်းစိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများက ပင်လယ်ကဗွီ ၃၀ ပင်၊ ခရေ ၁၀ ပင်၊ စိန်ပန်း ၃၀ ပင်၊ ပျဉ်းမ ၃၀ ပင်၊ မန်ဂျန်ရှား ၂၀ ပင် စုစုပေါင်း ၁၂၀ ပင်တို့အား တပျော်တပါးစိုက်ပျိုးခဲ့ကြပြီး စိုက်ပျိုးပြီးစီးမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)