မော်လမြိုင်မြို့နယ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း အသိပညားပေးဆွေးနွေးပွဲကျင်းပ

မော်လမြိုင် ဇွန် ၂၈

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲအခွန်ဥပဒေများနှင့်အညီ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမက ၂၀၀၈ ခုနှစ် ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ "နိုင်ငံသားတိုင်းသည် ဥပဒေအရ အခွန်ပေးဆောင်ရန်တာဝန်ရှိသည်" ဟု ပြဋ္ဌာန်းထားပြီးဖြစ်၍ ၂၀၂၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် အခွန်အမျိုးအစား စုစုပေါင်း (၂၅) မျိုးပါရှိပြီး အခွန်အမျိုးအစားများကို ပြည်ထောင်စုအစိုးရဝန်ကြီးဌာန (၁၀)ခုနှင့် နေပြည်တော်ကောင်စီမှ () ခု၊ ပေါင်း (၁၁)ခုမှ တာဝန်ယူကောက်ခံလျက်ရှိကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် သတ်မှတ်မူလလျာထားချက်မှာ စုစုပေါင်းဘီလီယံ (၉၃၀၀) ကျော်ဖြစ်၍ ယင်းသတ်မှတ် လျာထားချက်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ခံရမှာဖြစ်ကြောင်း၊ မွန်ပြည်နယ် အတွင်းရှိ စီမံချက်()ခုနှင့်ပတ်သက်သည့် လုပ်ငန်းရှင်များက ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မည်ဆိုရင် တဖက်တလမ်းမှ အခွန်ပေးဆောင်ပြီးဖြစ်ကြောင်း၊ အခွန်ထမ်းများအနေနဲ့လည်း ဒဏ်ကြေးပေးဆောင်မှုမှ လွတ်ကင်း၍ နိုင်ငံတော်အတွက်လည်း ရသင့်ရထိုက်သော အခွန်တွေကို အပြည့်အဝရရှိနိုင်မှာဖြစ်သည့်အတွက် သုံးဦးသုံးဖလှယ် အဆင်ပြေမည့်နည်းလမ်းဖြစ်သည့်အတွက်ကြောင့် အခွန်ထမ်းလုပ်ငန်းရှင်များအနေနှင့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် ရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်အခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဂျွန်စိန်ဂီက စားသောက်ဆိုင်၊ ရွှေဆိုင်၊ ဟိုတယ်/တည်းခိုခန်း၊ ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းများကို ရောင်းချလျက်ရှိသည့် လုပ်ငန်းရှင်များအား ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုက်နာရမည့်ဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်များ၊ ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ အခမ်းအနားသို ပြည်နယ်အဆင့်ဌာနဆိုင်ရာ (၁၆) ဦး၊ ခရိုင်/မြိုနယ်အုပ်ချုပ်ရေးမှူး နှင့်လုပ်ငန်းရှင် (၂၆၅) ဦး ပေါင်း (၂၈၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)