လှိုင် ဇွန်၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် လှိုင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆရာမများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား သန်ချဆေး တိုက်ကျွေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သန်ချဆေးများ တိုက်ကျွေးရာသို့ မြို့နယ်ကျန်းမာရေး ဆရာမများနှင့်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ ဆရာ/ဆရာမများက သန်ချဆေး တိုက်ကျွေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ညိုထွန်း(ပြန်/ဆက်)