မုံရွာမြို့၌ ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အခမ်းအနားကျင်းပ

မုံရွာ ဇွန် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမ၌ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ နေ့စဉ်လူနေမှုစနစ်တွင် ဖလိုရင်းပါဝင်သည့် အအေးပေးပစ္စည်းများတီထွင်အသုံး ပြုမှုသည်ကျယ်ပြန့်လာခဲ့ပြီး လူနေအိမ်အဆောက်အဦ၊ စီးပွားရေးဆိုင်ရာလုပ်ငန်း၊ စက်ရုံအလုပ် ရုံ၊သယ်ယူပို့ဆောင်ရေးလုပ်ငန်းစသည်တို့တွင် လေအေးပေးစနစ်၊ အပူပေးစနစ်များ အသုံးမပြုသည့်အဆောက်အဦကြီးများ၊ စက်ရုံများမရှိသလောက် နည်းပါးလာခဲ့ပြီဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် အိုဇုန်းလွှာထိခိုက်မှုမရှိဘဲ စွမ်းအင်အားအကျိုးရှိထိရောက်စွာ အသုံးပြုနိုင်သည့်အအေးပေးစနစ်ဆိုင် ရာနည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူလူထုတစ်ဦးချင်းသာမက အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများအားလုံးနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ ဖြစ်ပေါ်လာပုံအကြောင်းအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့ အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးကြပြီး တာဝန်ရှိ သူများအတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ခန်းမအတွင်းပြသထားရှိသော

အအေးပေးပစ္စည်းများ၊ အအေးပေးစက်ပစ္စည်းများဆိုင်ရာ နည်းဥပဒေ၊ ဥပဒေစာအုပ်များနှင့် လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)