တွံ​တေးမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကြက်ခြေနီအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

တွံတေး ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်ပတ်သက်၍ အသိပညာဗဟုတများရရှိစေရန် ရည်ရွယ်၍ ကြက်ခြေနီအကြောင်းသိကောင်းစရာဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က (၂) ကျောင်းအုပ်ဆရာကြီး ဦးခင်ဇော်ညွန့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးသန်းဝင်းလှိုင်က ကြက်ခြေနီအကြောင်းသိကောင်းစရာအားလည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ တပ်ခွဲမှူး ဦးခင်မောင်ဝင်းက ရှေးဦးပြုစုခြင်းသိကောင်းစရာအားလည်းကောင်း ဟောပြောပြီး မြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့ဝင်များက ရှေးဦးပြုစုခြင်းလုပ်ငန်းများ၊ ဒဏ်ရာရရှိသူများ၊ လက်ကျိုး၊ ခြေကျိုးများဖြစ်ပွားပါက ရှေးဦးပြုစုခြင်းလုပ်ငန်းများအား သရုပ်ပြသခြင်း ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့သင်ကြားခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မျိုးလှိုင်