မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား သာကေတမြို့နယ်တွင် ကျင်းပ

သာကေတ ဇွန် ၂၈

၂၀၂၄-ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၆/အနောက်ရပ်ကွက်ရှိ အမှတ်(၃၆) အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်း၌ ယနေ့နံနက် ၇ နာရီအချိန်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ ဗိုလ်တထောင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်၊ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ သာကေတမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပန်းဥယျာဥ်ဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူမှုကူညီရေးအသင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်တို့မှ ပျိုးပင်များအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ ထံပေးအပ်ပြီး မြို့နယ်/ရပ်ကွက်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များထံ ဆက်လက်ပေးအပ်ခဲ့ကာ ခ​ရေပျိုးပင်(၃၆)ပင် အားစိုက်ပျိုးခဲ့ပြီး သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)