တပ်ကုန်း ဇွန် ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံများဖြစ်သည့် ဝါ၊ ပြောင်း၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်း၊ နေကြာနှင့် မီးဖိုချောင်သုံးဟင်းသီးဟင်းရွက်သီးနှံစုံ စိုက်ပျိုးလျက်ရာ အစေ့ထုတ်ပြောင်းများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်တွင် အစေ့ထုတ်ပြောင်းစိုက်ခင်းများ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ မျိုးစေ့ကုန်ကျမှုသက်သာနိုင်ရေး၊ အပင်ဖြစ်ထွန်းကောင်းမွန်နိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းစိုက်ပျိုးကြောင်း၊ အစေ့ထုတ်ပြောင်းများကို ၁၇၆၃ ဧက လျာထားစိုက်ပျိုး၍ ၁၆၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် အစေ့ထုတ်ပြောင်းများ ခုတ်သိမ်းချိန်မှာ ဈေးကောင်းရရှိရေးမျှော်လင့်ကြောင်း အစေ့ထုတ်ပြောင်း စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
တင်စိုးလွင်