မန်ကန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန်ကန် ဇွန် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မန်ကန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့ အုပ်ချုပ်ရေးမှူးဦးဇော်မင်းအောင်က ညှိနှိုင်းအစည်းအဝေး၌ ပြောကြားရာတွင် “မြို့လုံခြုံရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက နိုင်ငံခြားသားများကို သယ်ယူပို့ဆောင်ပေးခြင်းများမပြုလုပ်ကြရန်၊ နိုင်ငံတော်မှလည်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများကို တရားဝင်ဖမ်းဆီးအရေးယူဆောင်ရွက်နေကြောင်း၊ နိုင်ငံခြားသားများကိုပို့ဆောင်ပေးသူများရှိပါက သက်ဆိုင်ရာသို့ သတင်းပေးဆောင်ရွက်ကြရန်” မှာကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်မှ မန်ကန်စခန်းမှူး ဦးလင်းအောင်က နိုင်ငံခြားသားများကိုပို့ဆောင်နေပါက တရားဉပဒေအရ အရေးယူဆောင်သွားမည်ဖြစ်ကြောင်း ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်ပတ်သက်၍ ပြန်လည်တင်ပြကြရာ မြို့အုပ်ချုပ်ရေးနှင့် မန်ကန်စခန်းမှူးတို့က လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အိဇာချို(မန်ကန်၊ပြန်/ဆက်)