မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ လားရှိုးလူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်

လားရှိုး ဇွန် ၂၈

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို   ယနေ့နံနက် (၉) နာရီက Community Centre ရှိ သင်တန်းခန်းမတွင် ကျင်းပသည်။

ပြိုင်ပွဲမကျင်းပမီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး  ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင် ကပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲသို့ လားရှိုးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ ကိုယ်ပိုင်အထက် တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူ (၂၄) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)