တောင်ဥက္ကလာပမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ်

တောင်ဥက္ကလာ ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာ​ပေး​ဟော​ပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက တောင်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

​ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှ ဒုမြို့နယ်ရဲတပ်ဖွဲမှုးက မူးယစ်​ဆေးဝါးဟူသည့်အဓိပ္ပါယ်၊ မူးယစ်​ဆေးသည် လူသားတို့၏ အသက်အန္တရာယ်များကို ဆိုးဝါးစွာ ထိခိုက်နိုင်သည့်အချက်များ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်​ဆေးဝါးသုံးစွဲသူဘဝ မ​ရောက်ရှိ​အောင် ကျောင်းသားလူငယ်များ သိရှိလိုက်နာရမည့်အချက်များကို ပညာ​ပေး​ပြောကြားခဲ့သည်။ ဆက်လက်၍ ဒုမြို့နယ်ဥပဒေအရာရှိက မူးယစ်ဆေးဝါးအန္တရာယ်များနှင့် ဥပဒေအကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ပါသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာ​စောင်များ၊ စာအုပ်ပြပွဲများကို ​ကျောင်းသား၊ ကျောင်းသူများက ​စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြ​ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)