ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် Community Centre ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ဒဂုံတောင် ဇွန် ၂၇

စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရုံး Community Centre ခန်းမတွင် ယ‌မန်နေ့မွန်းလွဲ  နာရီအချိန်က ကျင်းပကြောင်း သိရသည်။

 အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြိုနယ်ရုံး ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်မားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို နေရာအနှံ့တွင် ကျင်းပလျက်ရှိပါကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာနိုင်စေရေး၊ စာပေဖတ်ရှုခြင်းမှ အသိပညာဗဟုသုတများ ရရှိလာနိုင်စေရေး၊ ရရှိလာသည့် အသိပညာဗဟုသုတများကို မိမိတို့ပတ်ဝန်းကျင်တွင် မျှဝေပေးနိုင်ရေး၊ အသိပညာဗဟုသုတရရှိစေသည့် စာအုပ်စာပေများကို ရွေးချယ်ဖတ်ရှုလာနိုင်စေရေး၊ လူငယ်လူရွယ်များ ဗလငါးတန်ပြည့်ဝစေရေးရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း  ရှင်းလင်းဆွေးနွေးသည်။

ထို့နောက်ပြိုင်ပွဲကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရုံး ဦးစီးအရာရှိက စာဖတ်စွမ်းရည်ပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများပြောကြာပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/ကျောင်းသူလေးများက စာရေးဆရာမတက္ကသိုလ်မလေးခိုင်၏  ရိုးသားမှုက အမြဲမှန်တာနှင့် အိပ်ရာဝင်ပုံပြင်များစာအုပ်ပါ ရိုးသားမှုက အမြဲမှန်တာ ဉာဏ်ပညာရှိသောအပ်ချုပ်သမားလေး၊ မြည်းငယ်လေး၊ ကမ္ဘာ့အကြီးဆုံးမုန်လာဥဖြုကြီး၊ အံ့ဩဖွယ်ရာအရုပ်မလေး၊ ဖားနှစ်ကောင်နှင့် စာအုပ်ပါအကြောင်းအရာများကိုဖတ်ရှုကြပြီး ဖတ်ရှုပြီးသည့်ခေါင်းစဉ်များကို တစ်ဦးချင်းပြန်လည်‌ဆွေးနွေးယှဉ်ပြိုင်ကြသည်။

စာဖတ်စွမ်းရည် အကောင်းဆုံးဆုရ ကျောင်းသား/ကျောင်းသူ(၅) ဦးကို မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိက အမှတ်တရဂုဏ်ပြုလက်‌ဆောင်များ ပေးအပ်ချီးမြှင့်ကြောင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲသို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ G–6 ကျောင်းသား/ကျောင်းသူ(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

သန်းသန်းအေး