သင်္ဃန်းကျွန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန်  ဇွန်  ၂၇

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း(ထ-ခွဲ)၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဦးစီးမှူးဒေါ်လှလှနွယ်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ်နေ့အကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန သင်္ဃန်းကျွန်းမြို့နယ်ဦးစီးမှူးက အားကစားနည်းလမ်းများအကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်နယ်လီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန သင်္ဃန်းကျွန်းမြို့နယ်ဦးစီးမှူးက အဆိုပါကျောင်းသို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းသူလေးများမှ Fitness Dance ဖြင့် ကပြဖျော်ဖြေကာ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

သိန်းအောင်