နောင်တရား ဇွန် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက် (၉) နာရီတွင် ကျင်းပသည်။
ပြိုင်ပွဲကို နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း Grade-11 မှ ကျောင်းသား၊ ကျောင်းသူ (၂၅) ဦးတို့က မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးခေါင်းစဉ်ဖြင့် စိတ်ကြိုက် ပန်းချီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲတွင် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို မြို့ဦးစီးမှူး ဦးစိုးတင့်မှ ဆုများချီးမြှင့်သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်ကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)