တောင်သာမြို့ မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

တောင်သာ ဇွန် ၂၇

တောင်သာမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က  မင်းစုအခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါစကားဝိုင်းတွင် မင်းစုအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်သန်းအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးရဲဝင်းအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။               

ထို့နောက် လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးရဲဝင်အောင်က ဦးဆောင်ဆွေးနွေးပြီး Grade-10 မှ မောင်နေထူးဝေက လူငယ်နှင့်ပညာရေး၊ Grade-10 မှ မယွန်းပိုင်မှူးအိမ်က လူငယ်နှင့်ကြီးပွားရေး၊ Grade-10 မှ မအေးမြတ်ခြယ်က လူငယ်နှင့်ဘာသာရေး၊ Grade-10 မှ မောင်သိန်းထိုက်နိုင်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး ဦးစီးအရာရှိဦးရဲဝင်းအောင်က ဆွေးနွေးချက်များအပေါ် ဖြည့်စွက်၍ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဆိုပါ စကားဝိုင်းသို့ မင်းစုအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)

မြို့နယ်ပြန်/ဆက်