ဇေယျာသီရိမြို့နယ်ရှိ နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများအား ခွာနာ၊ လျှာနာရောဂါအကြောင်း အသိပညာပေးဟောပြော

ဇေယျာသီရိ ဇွန် ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ဇေယျာသီရိမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများအား ခွာနာ၊ လျှာနာရောဂါအကြောင်း အသိပညာ ပေးဟောပြောခြင်းကို  ယမန်နေ့မွန်းလွဲပိုင်းက ကျည်တောင်ကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)မှမှ ဒုညွန်ကြားရေမှူး ဒေါက်တာထွေးကိုကိုနှင့် ဇေယျာသီရိမြို့နယ်ဦးစီးမှူး ဒေါက်တာမြတ်စုခိုင်တို့က ကျွဲ၊ နွားများတွင် တွေ့ရှိနိုင်သည့် ရောဂါလက္ခဏာများ၊ ခွာနာ၊ လျှာနာ ရောဂါဖြစ်ပွားနိုင်သည့် နည်းလမ်းများနှင့် တိရစ္ဆာန်ရော ဂါကာကွယ်ဆေး ထိုးနှံရမည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် တောင်သူများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့ပြီး ခွာနာ၊ လျှာနာ ရောဂါအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)