ကော့မှူးတွင် အားကစားနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကော့မှူး ဇွန် ၂၇

ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသော အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟော ပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းအ.ထ.က (ကော့မှူး)ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာတွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂) ဦးမြင့်ဦးတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသားနှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးစီးအရာရှိ ဦးအောင်နိုင်ဦးက လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရန်၊ ရှောင်ရန် အချက်များ အားလည်းကောင်း၊ မြို့နယ်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့် (၁)ဦးစိုးဝင်းထွန်းက သွေးလွန်တုပ်ကွေးရောဂါကြို တင်ကာကွယ်နိုင်ရေးနည်းလမ်းများကို အသီးသီးဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

ဆက်လက်၍ မြို့နယ်ပညာ‌ရေးမှူး ဒေါ်နုနုကြည်ထံအ.ထ.(ကော့မှူး)အတွက် အားကစားပစ္စည်းများကိုအားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်နိုင်ဦးက ပေးအပ်ရာ မြို့နယ်ပညာရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နံရံကပ်စာစောင်များ၊ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့်သုတ/ရသစာအုပ်စာ စောင်များပြသထားရာတက် ရောက်လာသူများနှင့် ကျောင်းသား/ ကျောင်းသူများစိတ်ပါဝင်စားစွာ လေ့လာနေကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)