တပ်ကုန်းမြို့နယ်၌ ဝမ်းစာစပါးဖူလုံရေး မိုးစပါးများကို ၄၈၄၇၂ ဧက လျာထားစိုက်ပျိုးမည်

တပ်ကုန်း ဇွန် ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံများဖြစ်သည့် ဖူးစားပြောင်း၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်း၊ နေကြာနှင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် သီးနှံစုံစိုက်ပျိုးလျက်ရှိရာ ဝမ်းစာစပါးဖူလုံရေး မိုးစပါးများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင် မိုးစပါးစိုက်ခင်းများ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ မျိုးစေ့ကုန်ကျမှုသက်သာနိုင်ရေး၊ Seeder စနစ် စိုက်ပျိုးနိုင်ရေး၊ အပင်ဖြစ်ထွန်းကောင်းမွန်နိုင်ရေး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့်ပူးပေါင်းစိုက်ပျိုးကြမည်ဖြစ်ကြောင်း၊ မိုးစပါးကို ၄၈၄၇၂ ဧကလျာထား စိုက်ပျိုး မည်ဖြစ်ပြီး၊ ဆည်ရေသောက် လယ်မြေများအတွက်  ဆင်သေဆည်ရေများကို စနစ်တကျ ရေသွယ်မြောင်းများအလိုက် ဇူလိုင် ၁ ရက်နေ့တွင် စတင်၍ ရေလွှတ်ပေးသွားမည်‌ဖြစ်ကြောင်း  မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်