နမ္မတူ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ယမန်နေ့ နေ့လည် (၂)နာရီခွဲအချိန်ခန့်က CANTAR အမျိုးအစား၊ ခဲရောင် (၆)ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ချောင်းစပ်သို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း နမ္မတူမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ နမ္မတူရပ်ကွက်ဘက်မှ ပန်ဟိုက်ရပ်ကွက်ဘက်သို့မောင်းနှင်လာသော ယာဉ်အမှတ် 8J/----- CANTAR အမျိုးအစား၊ ခဲရောင် (၆)ဘီးယာဉ်သည် (၃၂)မိုင်တံတားအနီး ကုန်းအဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် ချောင်းစပ်သို့ ထိုးကျတိမ်းမှောက်ခဲ့သည်။
အဆိုပါယာဉ်ထိုးကျတိမ်းမှောက်မှုကြောင့် ယာဉ်မောင်းတွင် ဦးခေါင်းဝဲဘက်ထိပ် ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ယာဘက်နံအောင့်ဒဏ်ရတစ်ခု (မစိုးရိမ်ရ)၊ ယာဉ်ပေါ်တွင် ပါရှိသူ ၂ ဦးမှာလည်း ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)၊ အသီးသီးရရှိခဲ့သဖြင့် ရဲဆေးစာနှင့်အတူ နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်းနှင့် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်အား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း နမ္မတူမြို့နယ် မြို့မရဲစခန်းမှ သိရသည်။
လူမော် (ပြန်/ဆက်)