ညောင်ဦးမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်း ဆောင်ရွက်

ညောင်ဦး ဇွန် ၂၆

ညောင်ဦးမြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် သူဌေးကန်ကျေးရွာ၊ အနောက်ဖွားစောကျေးရွာနှင့် ဇီအိုကျေးရွာများသို့ ဇွန် ၂၆ ရက်၊ နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုးနှင့် ဝန်ထမ်းများသည် သူဌေးကန်ကျေးရွာနှင့် အနောက်ဖွားစောကျေးရွာရှိ အုပ်ချုပ်ရေးအဖွဲ့များ၊ စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံ၍ စာကြည့်တိုက်များ သတ်မှတ် အချိန်အတိုင်း ဖွင့်လှစ်ရေး၊ ကျေးရွာသူကျေးရွာသားများ စာဖတ်နိုင်ရေး၊ စာကြည့်တိုက်ဖွံ့ ဖြိုးတိုးတက်ရေးတို့အတွက် ဆွေးနွေးခဲ့သည်။

အလားတူ ဒုတိယဦးစီးမှူး ဒေါ်ဇင်ယုခိုင်နှင့် ဝန်ထမ်းများသည် ဇီးအိုးကျေးရွာ ပညာဘဏ်တိုက်စာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ ဆုံ၍ လိုအပ်သည်များ ဆွေးနွေးပြီး စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။ ထို့နောက် ဇီးအိုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန် မြှင့်တင်ရေး ဟောပြော ဆွေးနွေးခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဒီပါလင်း