ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဆိပ်ကြီးခနောင်တို ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၄ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဦးထွန်းအိုရပ်ကွက်၊ ဆိပ်ကြီးခနောင်တို ကြိုးတံတားအဆင်း ဖွံ့ဖြိုးရေးလမ်းမဘေးတွင် ကျင်းပပြုလုပ်သည်။

သစ်ပင်စိုက်ပျိုးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များက ဦးဆောင်၍၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သစ်တောဦးစီးဌာန တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မီးသတ်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက လမ်းဘေးဝဲ/ ယာရှိ သတ်မှတ်နေရာအသီးသီးတွင် ပျဥ်းမ၊ ကံ့ကော်၊ မန်ဂျန်ရှား၊ ခရေ၊ ပျဥ်းကတိုး၊ မဟော်ဂနီ အစရှိသည့် ပျိုးပင်ပေါင်း ၃၀၀ အားတစ်ချိန်တည်း စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)