သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲပျိုးပွဲကျင်းပ

ကျောက်တန်း ဇွန် ၂၆

သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ သစ်ပင်စိုက်ပွဲတော်အခမ်းအနားကို သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ပါဒါကြီးကျေးရွာအုပ်စု၊ ကျိုက်ပါဒဆံတော်ရှင်စေတီတော် ပရ၀ုဏ်အတွင်း၌ ယနေ့နံနက် ၈ နာရီ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပွဲအခမ်းအနားကို ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ NGO အသင်းအဖွဲ့မှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစီအစဥ်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ ပျိုးပင်များအားပေးအပ်ပြီး တာ၀န်ရှိသူများ လက်ခံရယူကာပျိုးပင် (၂၀၀)တို့အား စိုက်ပျိုးခဲ့ကြ​​ကြောင်း သတင်းရရှိသည်။

နေလင်းကျော် (ပြန်/ဆက်)