ရွာငံ ဇွန် ၂၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ပြည်သူများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ဇွန် ( ၂၄ ) ရက်၊နံနက်ပိုင်းမှစ၍ ရွာငံဇုံ၊ ရေဦးဇုံ၊ မြိုင်ဇုံ၊ မြင်းကျဒိုးဇုံနှင့် မြို့ကြီးဇုံများတွင် သက်မှတ်စုရပ်များတွင် ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ရာ ကာကွယ်ဆေးထိုးနှံရခြင်းနှင့်ပတ်သက်၍ မြို့နယ်ဆရာဝန်ကြီးက ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စာရင်းရေးသွင်းပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ဦးစွာဆောင်ရွက်ပေးကြသည်။ ပုံမှန်အခြေအနေရှိသူများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopham ကို ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)