လှိုင် ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် အမှတ်(၁၃)ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၁၀)နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးညိုထွန်းက ကျောင်းသား ကျောင်းသူများ ငယ်ရွယ်စဉ်အချိန်၌ မူးယစ်ဆေးဝါးများကို စမ်းသပ်ခြင်း မပြုလုပ်ကြရန်၊ မူးယစ်ထုံထိုင်းစေသည့်ဆေးများ သုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာမည့် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်း၊ မူးယစ်အစဆေးလိပ်ကဆိုသည့်အတိုင်း ဆေးလိပ်သောက်သုံးခြင်းမပြုကြရန် စသည်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ညိုထွန်း(ပြန်/ဆက်)