နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စုမှ ပြည်သူများအား  တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းဆေးကုပေး

ဇေယျာသီရိ ဇွန် ၂၃

နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာ သုဇနကာရီ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးပရဟိတ သာသနာပြုကျောင်း၌ ယနေ့နံနက်ပိုင်းက တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းဆေးကုသပေးလျက် ရှိကြောင်း သိရသည်။

နေပြည်တော်တိုင်းရင်းဆေးရုံ ဒုတိယဆေးရုံအုပ်ကြီး ဦးလှမော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းဆေးကုသပေးခြင်းဖြစ်ပြီး ခေတ်အေးကျေးရွာအုပ်စုအတွင်းမှ ဒေသခံပြည်သူ ၉၃ ဦးအား သွေးတိုး၊ ဆီးချို၊ ဒူးနာ၊ ခါးနာ၊ အာရုံကြောရောဂါများ၊ အဆစ်ရောင်၊ လေးဘက်နာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ အကြောတက်၊ ကိုက်ခဲ၊ လေးဖြတ်၊ လေးငန်းရောဂါ၊ ထုံနာကျင်နာရောဂါများ ကုသပေးခဲ့ပြီး တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများအား ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)