ရပ်စောက်မြို့နယ်၌ နှာခေါင်းစည်း (MASK) များ တပ်ဆင်သွားလာရေး အရှိန်အဟုန်မြင့် ဆောင်ရွက်

ရပ်စောက်      နိုဝင်ဘာ        ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချူပ်ရေးအတွက် နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာရေး အရှိန်အဟုန်မြင့် ဆောင်ရွက်ခြင်း ကို မြို့နယ် အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချူပ် ကုသရေး လုပ်ငန်းကော်မတီဝင်များမှ ယနေ့ နံနက်ပိုင်း (၈) နာရီက မြို့လယ်နာရီစင်နှင့် အထကကျောင်းရှေ့၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချူပ် ကုသရေးလုပ်ငန်း တာဝန်ရှိ သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့ရဲဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးများ နှင့် ကြက်ခြေနီအဖွဲ့တို့မှ ပြည်သူများ နေအိမ်ပြင်ပသွားလာခြင်း၊ ဈေးရောင်း၊ဈေးဝယ်ခြင်း ပြုလုပ်ရာတွင် နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာခြင်းမရှိသူ များအား ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေး ခဲ့သည်။

ဆက်လက်၍ ရပ်စောက်မြို့ပေါ်ရပ်ကွက်များတွင် အသွားအလာများသောနေရာများ၌ ဌာနဆိုင်ရာများအား ကြီးကြပ်တာဝန်ပေးကာ နှာခေါင်းစည်း (Mask) တပ်ဆင် သွားလာခြင်း မရှိသော ပြည်သူများအား နှာခေါင်းစည်း (Mask) ကို ခုဝယ် ခုတပ်စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

စိုင်းမြတ်ကျော်စိုး (ပြန်/ဆက်)