ကျောက်မဲ ဇွန် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနခန်းမတွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းဖွင့်လှစ်ပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆေးခန်းကို တစ်လလျှင် ၃ ရက်ဖွင့်လှစ်ပြီး ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာ ဇော်ဝင်းနိုင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစမ်းသပ်စစ်ဆေးပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများ ထောက်ပံ့ပေးခြင်း၊ ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးလေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါဆေးခန်းသို့ လစဥ်လာရောက်ကုသသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၆၀ ဦးမှ ၇၀ ဦးအကြားရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်တီဂျာဆိုင်၏ ပြောကြားချက်အရ သိရပါသည်။
မိုင်းထွန်း (ပြန်/ဆက်)