ပန်းဘဲတန်း ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၌ “၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့” အသိပညာပေးပိုစတာဆိုင်းဘုတ်ထူပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းဆုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အဆင့် “၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့” အသိပညာပေး ပိုစတာဆိုင်းဘုတ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းထွဋ်လွင်၊ ပန်းဘဲတန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာရဲ၊ အဖွဲ့ဝင်(၂) ဦးဇော်ဇော်ဝင်း၊ အဖွဲ့ဝင်(၃)မြို့ နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှူး ဦးအောင်ကျော်သူ၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းဦး၊ မြို့နယ်ပညာရေးမှူး ဦးလှနီတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ ကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဖြန့်ဝေသော လက်ကမ်းစာစောင်၊ အထိမ်း အမှတ် စပို့ရှပ်အင်္ကျီ၊ ဦးထုပ်တို့အား လမ်းသွားလမ်းလာ လုပ်သားပြည်သူများသို့ အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ ပိုစတာဆိုင်းဘုတ်ထူပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များ၊ ခရိုင်နှင့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြောင်း သိရသည်။
ဥမ္မာကျော်(ပြန်/ဆက်)