ကွန်ဟိန်း ဇွန် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ရပ်မိရပ်ဖများမှဦးဆောင်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်ရှိ လားဟူဘုရားကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်သက်ဦးက အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ဒေါ်အေးသန္တာမိုးက သဘာဝပတ်ဝန်းကျင်အရေးကြီးပုံအကြောင်း၊ ဆရာစိုင်းမွန်းရာဇာက သဘာဝပတ်ဝန်းကျင်နှင့် အမှိုက်စနစ်တကျစွန့်ပစ်ခြင်း၊ မြေထုညစ်ညမ်းမှုအကြောင်း အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသူများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် မေးခွန်းများမေးမြန်းခြင်း၊ အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)