မရမ်းကုန်း ဇွန် ၂၂
ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၃၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်မော်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ လူ့စွမ်းအားအရင်းအမြစ် တိုးတက်မြင့်မားလာစေရန်အတွက် မူးယစ်ဆေးဝါးနှင့် ကင်းရှင်းရန် လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးများသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာ နိုင်သည့် ဆိုးကျိုးအန္တရာယ်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ တားဆီးကာကွယ်ရေး နည်းလမ်းများစသည့် သိမှတ်ဖွယ်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ယဉ်မော် (ပြန်/ဆက်)