တန့်ယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တန့်ယန်း ဇွန်  ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက တန့်ယန်း-မိုင်းကောင် ကားလမ်းဘေးရှိ ထင်းရှူးစိုက်ခင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းတင်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်တို့က ခရိုင်နှင့် မြို့နယ်တို့မှ ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များအား စိုက်ပျိုးမည့် သစ်ပင်ပျိုးပင်များပေးအပ်ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကိုကျင်းပရာ စစ်ဗျူဟာမှူးနှင့် တာဝန်ရှိသူတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

၂၀၂၄ ခု မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း ၁၀၀ ပင်၊ ထင်းရှူး ၁၀၀ ပင်၊ မယ်ဇလီ ၁၀၀ ပင်၊ ခါတော်မီ ၁၀၀ ပင်၊ မျောက်ငို ၁၀၀ ပင် စုစုပေါင်း(၅၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)