လင်းခေး ဇွန် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ဝန်ထမ်းပေါင်းစုံငွေစုငွေ ချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက လင်းခေးမြို့နွယ်ဝတီခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်သမဝါယမဦးစီးဌာနမှဦးစီးအရာရှိ ဦးမြဝင်းက အဆိုပါ အစည်းအဝေးပြုလုပ်ရခြင်းနှင့်စပ်လျဥ်း၍ အမှာစကားဆက်လက်ပြောကြားသည်။
ဆက်လက်၍ အသင်းလီမိတက်ဒုတိယဥက္ကဋ္ဌ ဦးချိုနိုင်က ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးလက်ကျန်ရှင်းတမ်းများကို ဖတ်ကြားသည်။ ယင်းနောက် တက်ရောက်လာကြသည့်အ သင်းသားများမှ အကြံပြုဆွေးနွေးခြင်းနှင့် ဆွေးနွေးတင်ပြချက်များအပေါ် အသင်းအမှုဆောင်အဖွဲ့က ပြန်လည်ဖြည့်စွက်ရှင်းလင်းပေးခြင်းနှင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်ရှင်းတမ်းများအား အမှုဆောင်အဖွဲ့က အတည်ပြုခဲ့ကြသည်။ ယနေ့ပြုလုပ်သော အရပ်ရပ်ဆိုင်ရာအစည်းအဝေး တက်ရောက်လာကြသည့် အသင်းသား(၃၀၆)ဦးတို့အား အရပ်ရပ်ဆိုင်ရာအစည်းအဝေးစရိတ်နှင့် အသင်းသားထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်