မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မန်ကန် ဇွန် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်အိဇာချိုက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာပေဝါသနာရှင် ဦးခမ်းလိတ်က စာရေးဆရာ သစ္စာနီရေးသားထားသည့် “လူငယ်နှင့်ဘဝတန်းဖိုး”ခေါင်းစဉ်ဖြင့် လူငယ် တစ်ယောက်ရဲ့ဘဝတန်ဖိုးဟာဘာလဲလို့ ဆန်းစစ်ကြည့်မည်ဆိုလျှင် ကိုယ့်ရှုထောင့်နှင့်ကိုယ် စိတ်ဝင်စားဖွယ်ကောင်းသည့်အဖြေများထွက်ပေါ်လာနိုင်ပေသည်၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး စိတ်ပညာစသည့် ဘာသာရပ်အလိုက်လည်းကွဲပြားမှုရှိနိုင်ပါသည်ဖြင့် ဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတက်ရောက်လာကြသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ ကလည်းမိမိတို့စိတ်ကြိုက်ဗဟုသုတရစေမည့် စာစုများဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အိဇာချို(မန်ကန်၊ပြန်/ဆက်)