နမ့်စန်မြို့နယ်တွင် အခွန်ဥပဒေဆိုင်ရာများ ရှင်းလင်းဆွေးနွေး

နမ့်စန်(တ) ဇွန် ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခွန်ဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းကို ယနေ့ နေ့လယ် (၁၁) နာရီခွဲက အမှတ် (၂) ရပ်ကွက်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ မြို့နယ်အခွန်ဦးစီးမှူး ဦးဘဲရယ်က မြို့နယ်အတွင်းရှိ အခွန်ထမ်းလုပ်ငန်းရှင်များအား ၂၀၂၄ ခုနှစ် ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေနှင့် ပြေစာအပေါ်အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုက်နာရမည့်ဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်များ၊ ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခွန်ထမ်းလုပ်ငန်းရှင် (၁၆) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)