အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ် ပြပွဲပြိုင်ပွဲနှင့် ဟောပြောပွဲများကျင်းပ

ချမ်းမြသာစည် ဇွန် ၂၀

ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ ပြိုင်ပွဲများနှင့် ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊မူးယစ်‌ဆေးဝါး ပြဿနာ နှင့် ဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍများ၊ ဝိုင်း၀န်းကာကွယ်တိုက်ဖျက်နိုင်ရေးများကို အသိပညာ ပေးဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား/သူများကို စာကြည့်တိုက်ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲနှင့် အခြေခံပန်းချီရေးဆွဲခြင်းပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ကဗျာရွတ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၀) ဦး၊ အခြေခံပန်းချီရေးဆွဲနည်း ပြိုင်ပွဲတွင် (၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူးနှင့် ကြီးကြပ်ဆရာမများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများသည် ခန်းမအတွင်း ပြသ ထားသောမူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ ရသစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အမှတ် (၂၃) မူလွန်ကျောင်းမှ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့