ကွန်ဟိန်း ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာအထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးဝင်းနိုင်က ကွန်ဟိန်းမြို့နယ်အတွင်း Mobile phone Tablet အသုံးပြု၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းဆောင်ရွက်မည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ စာရင်းစစ်၊ စာရင်းကောက်များဖွဲ့စည်းမှု၊ ပြည်သူအသိပညာပေးလုပ်ငန်းများဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူးဦးထွန်းထွန်းနိုင်မှ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုသန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များထံသို့ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုသန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်