ရွာငံမြို့တွင် ခြင်ပေါက်ဖွားမှုမရှိစေရေး အဘိတ်ဆေး လိုက်လံခတ်ပေးခြင်း ဆောင်ရွက်

ရွာငံ ဇွန် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့ပေါ် ဈေးတန်း၊ ရွာမနှင့် မြို့ကုန်းရပ်ကွက်များတွင် အဘိတ်ဆေးလိုက်လံခတ်‌ပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များက ယနေ့နံနက် (၁၀)နာရီက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ 

သွေးလွန်တုပ်ကွေးရောဂါမှ ကာကွယ်နိုင်စေရန်နှင့် ခြင်ပေါက်ဖွားမှုမရှိစေရေးအတွက် နေအိမ်များရှိ ရေတွင်း၊ ရေကန်များ၊ ရေသိုလှောင်ထားရာနေရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ဖြင့် မြို့နယ်ဆရာဝန်ကြီးဦးဆောင်သော ကျန်မာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များက တစ်အိမ်တက်ဆင်း လိုက်လံ၍ ကျန်းမာရေးအသိပညာပေးခြင်းနှင့်အတူ အဘိတ်ဆေးများခတ်ပေးခဲ့ကြ‌ကြောင်း သိရသည်။  

မြို့နယ် (ပြန်/ဆက်)