မုဒုံ ဇွန် ၂၀
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးရာသီကာလ၌ ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ရပ်ကွက်/ ကျေးရွာများ၌ အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ငှက်ဖျားတိုက်ဖျက်ရေးဌာန ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ စာသင်ကျောင်း၊ နေအိမ်များရှိ ရေစည်ရေကန်အတွင်း အဘိတ်ဆေးခတ်ခြင်း၊ ခြင်များ ပေါက်ပွားနိုင်သည့် ပိုးလောက်လမ်းများ ဖယ်ရှားခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ၊ ရေဝပ်နိုင်သောပစ္စည်းများအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးအသိပညာပေး ပြောကြားခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မေလဆန်းပိုင်းမှ စတင်၍ လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)