မိုးနဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

မိုးနဲ ဇွန် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပေါ့မိုင်း အခြေခံပညာမူလတန်းကျောင်း စာသင်ခန်းအတွင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ အောင်မြင်မှုရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိသည်များနှင့် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်နန်းမွန်းဆိုင်က စာအုပ်စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများ၊ ကာယ၊ ဥာဏနှင့်ပြည့်စုံစေရန် ကျောင်းစာအပြင် ပြင်ပစာပေများကိုပါ ဖတ်ရှုလေ့လာသင့်ကြောင်းနှင့် ရုံးစာကြည့်တိုက်တွင်လည်း ကျောင်းပိတ်ရက်များတွင် အခမဲ့လာရောက်ငှားရမ်းဖတ်ရှုနိုင်သည့်အပြင် ဖတ်ရှုလိုသည်များကို ဆရာမများမှတစ်ဆင့် ပြောကြားနိုင်ပြီး ကျောင်းစာကြည့်တိုက်သို့  လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်းကိုလည်းကောင်း ပြောကြားပေးခဲ့ကြသည်။

ထို့နောက် ရုံးရှေ့မြေစိုက်ပြဘုတ်ရှိ ၃၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက အပြန်အလှန်ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လစဥ် နယ်လှည့်၊ နံရံကပ်၊ ဟောပြောပွဲများ၊ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် လက်တလောဖြစ်ပေါ်နေသော ထူးခြားဖြစ်စဥ်များ အများပြည်သူများ သိရှိလိုက်နာသင့်သည်များကို ရုံးရှေ့မြေစိုက်ပြဘုတ်တွင် အချိန်နှင့်တစ်ပြေးညီ လဲလှယ်ပြသပေးလျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)