မုဒုံမြို့၌ Gender/CEDAW/NSPAW ဆိုင်ရာ အသိပညာပေးသင်တန်း ဖွင့်လှစ်

မုဒုံ ဇွန် ၂၀

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား​ရေးဝန်ကြီးဌာနက ဖွင့်လှစ်သော GENDER/ CEDAW/ NSPAW အသိပညာပေးသင်တန်းကို ယမန်နေ့က အခြေခံပညာအလယ်တန်းကျောင်း (သင်္ဘောဦး)၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ကျား/မရေးရာ သတ်မှတ်ချက်များ၊ ကိစ္စများကို ပုံသေကားကျမှတ်ယူခြင်း၊ ကျား/မ ရေးရာ တန်းတူညီမျှမှုရှိခြင်း အဓိပ္ပါယ်၊ အမျိုးသမီးအခွင့်အရေးများနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအကြောင်း၊ အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) အကြောင်းအား အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါသင်တန်းကို အမျိုးသမီးများ၏ အခန်းကဏ္ဍများကို ပိုမိုသိရှိနားလည်စေရန်၊ လူငယ်မူဝါဒ၏ ကဏ္ဍတစ်ခုဖြစ်သည့် ကျား/မ တန်းတူညီမျှမှု ရရှိစေရေး အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသို့ ကျောင်းအုပ်ဆရာမကြီး၊ ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၁၄၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)