မိုင်းနောင်မြို့တွင် ၂၀၂၄ ခုနှစ် (မိုးရာသီ) လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားပြုလုပ်

မိုင်းနောင် ဇွန် ၂၀

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းနောင်မြို့တွင် ၂၀၂၄ ခုနှစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို နားကန်းကျေးရွာအုပ်စု အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီ အချိန်ကဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇော်ဇော်ထွန်းက မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းနှင့် ဌာနဆိုင်ရာများသို့ ပျိုးပင်များပေးအပ်ကာ သစ်တောဦးစီးဌာနမှ တောအုပ် ဦးအောင်ထွန်း၀င်းက ပညာရေးဌာန တာ၀န်ခံ၊ နမ့်ခုံးပရဟိတအသင်းနှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းတာ၀န်ခံများအား ပျိုးပင်များ အသီးသီးပေးအပ်ခဲ့ကြောင်းသိရှိရသည်။ 

ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသော အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇော်ဇော်ထွန်း၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများအင်အား(၂၀၀)ဦးတို့က ၂၀၂၄ ခုနှစ်(မိုးရာသီ)လူထု စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မိုးသောက်(မိုင်းနောင်)