ဝမ်းတွင်း ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ခင်ကြီးကျေးရွာအုပ်စုရှိ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် (၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့များမှ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်ဆောင်ရွက်ပေးခြင်းကို သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့များမှ ရပ်ကွက်/ကျေးရွာများသို့ သတ်မှတ်ထားသောနေ့ရက်များအတိုင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံပညာအထက်တန်းကျောင်း-ခွဲ(ခင်ကြီး)သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပန်းခင်းစီမံချက်ဖြင့် အကျုံးဝင်သော ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၁၁၆)ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်