မိုင်းဖြတ်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီလူထုသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိုင်းဖြတ် ဇွန် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ မြို့နယ်အဆင့် မိုးရာသီလူထုသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ပါဆန်းကျေးရွာအနီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ယာဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသည့် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဇော်မင်းဦးနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအား စိုက်ပျိုးမည့်သစ်ပင်များကိုပေးအပ်ခဲ့သည်။ ထို့နောက် စစ်ဆင်ရေးကွက်ကဲရေးမှူး ဗိုလ်မှူးကြီး ဇော်မင်းဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ ဌာဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာဝင်းနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပါးဆန်းကျေးရွာမှ ကျေးရွာနေပြည်သူများက ပျိုးပင်ပေါင်း ၈၀၀ ကျော်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း ၁၅၀ ပင်၊ မန်ဂျန်ရှား ၂၀၀ ပင်၊ မဲဇလီ ၁၅၀ ပင်၊ ပန်းမဲဇလီ ၁၅၀၊ စိန်ပန်းနီ ၅၀ပင်၊ ခရေ၃၀ပင်၊ ငုစပ်၃၀ပင်၊ ကံ့ကော် ၂၀ ပင် စုစုပေါင်း (၈၁၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)