မိုင်းပန် ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်း ကျောင်း(ညောင်ခမ်း)နှင့်(နောင်လုံ)ကျောင်းများသို့ ယနေ့နံနက် ၉ နာရီအချိန်က နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာမိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နန်းအေးအေးအောင်က ကျောင်းသား/သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက်စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပြီး သုတ၊ ရသ စာအုပ်များ ခင်းကျင်းပြသခဲ့သည်။ ထို့နောက်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခဲ့ပြီး ကျောင်းသား/သူများအတွက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)