မရမ်းကုန်း ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက်ရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ရှေ့ဦးပြုစုခြင်း(သာမန်) အဆင့် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မရမ်းကုန်းခရိုင်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ(ခေတ္တ)ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းနှင့် ကျောင်းအုပ်ဆရာမကြီးတို့က သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ မရမ်းကုန်းမြို့နယ် အသင်းခွဲဥက္ကဋ္ဌ ဦးမြင့်အောင်၊ ခရိုင်တပ်ဖွဲ့မှုး(တာဝန်) မောင်မောင်မြင့်နှင့် နည်းပြဆရာ/ဆရာမများက သင်တန်းသား၊ သင်တန်းသူများအား သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပြီး သင်တန်းကာလမှာ (၁၉-၆-၂၀၂၄) မှ (၂၄-၆-၂၀၂၄) နေ့ထိ (၆) ရက်ကြာမည်ဖြစ်ကြောင်း သိရသည်။
ယဉ်မော် (ပြန်/ဆက်)