မိုင်းခတ် ဇွန် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လစဉ် အသိပညာပေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအကြောင်း၊ ကျောင်းအားလပ်ချိန်များ၊ ကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းများတို့တွင် အားလပ်ချိန်များကို အကျိုးရှိစွာ လာရောက်အသုံးပြုကြရန်နှင့် စာဖတ်ခြင်း၏
အကျိုးကျေးဇူးများအကြောင်း ပြောကြားကာ ကျောင်းသား၊ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ပေးခဲ့သည်။
အဆိုပါ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲသို့ အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်) Grade-4(B)မှ ကျောင်းသား၊ကျောင်းသူ (၄၃) ဦး ပါဝင်ယှဉ်ပြိုင်ပြီးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)