ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများပေးအပ်လှူဒါန်း

ကျောက်ဆည် နိုဝင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးနှင် Myanmar Rescue Kyaukse အသင်းသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများစဉ်ဆက်မပျက်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်၁၀နာရီက အလှူရှင်များ မှ ကာကွယ်သုံးပစ္စည်းများနှင့် အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ထို့သို့လှူဒါန်းရာတွင် ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ ဆရာဦးအောင်မျိုးလင်း(မိသားစု)မှ ငွေကျပ်()သိန်းတန်ဖိုးရှိ N95 နှာခေါင်း စည်းအခု(၁၀၀) ခု၊ ဆူးကုန်းရပ်ကွက်၊ဦးအောင်မင်း+မသူဇာအောင်(မိသားစု)မှငွေကျပ်()သိန်း၊ မင်းရဲကျေးရွာ ဒေါက်တာအောင်ကျော်စိုး+ ဒေါ်ကြူကြူမာ(မိသားစု)မှအလှူငွေကျပ်()သိန်း ပြည်သူ့ဆေးရုံကြိးသို့ပေးအပ်လှူဒါန်းခဲ့ပြီး မင်းရပ်-ရပ်ကွက်ဦးသန်းဝင်း+ဒေါ်စန်းစန်း (မိသားစု)မှ အလှူငွေကျပ်()သိန်း၊ တံတားလည်ရပ်ကွက် ဦးအုန်းကျော်+ဒေါ်တင်တင်ထူး (စိန်စီဖြိုးမိသားစု)မှ အလှူငွေကျပ်()သောင်းတို့အား Myanmar Rescue Kyaukse အသင်းသို့ အသီးသီးပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများနှင့်လှူဒါန်းငွေများကို ကျောက်ဆည်မြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင်စနစ်တကျသုံးစွဲသွားမည်ဖြစ်ကြောင်း နှင့်အလှူရှင်များအား ကျောက်ဆည်ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်က ဂုဏ်ပြုမှတ်တမ်းလွှာများအသီးအသီးပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

သက်မောက်(ကျောက်ဆည်)